Thursday, January 7, 2010

ကောက်ကြောင်း

ဝေးလွင့်သွားတဲ့ ခြေရာတွေပေါ်
ငါ ကောက်ကြောင်း လိုက်ကြည့်တယ်
မညီမညာ
တချို့တလေလည်း ညီညီညာညာ

မညှိခဲ့တာလား

စတည်းက စည်းချက်မညီခဲ့တာလေ

စည်း ၀ါး မကိုက်ခဲ့ဘူး
နားမလည်သလို
မကြိုးစားမိဘူး

နားမလည်တဲ့
ပုစ္ဆာဆန်ဆန် စကားတခွန်းကို
အဖြေထုတ်ဖို့
စိတ်မ၀င်စားခဲ့တာလား

အဆုံးသတ်တတ်ဖို့
နှုတ်ဆက်စကား ပြောတတ်ဖို့ လိုမယ်

နောက်ဆုံးမှာ ပုဒ်မချ
စာပိုဒ်ကို အဆုံးးသတ်လိုက်ရုံပါ

သိပ်မခဲယဉ်းဘူး
မျဉ်းလေး သေသေ သပ်သပ် ပိတ်တတ်ဖို့သာ

နှုတ်ဆက်ချိန်မှာ
တယောက်မျက်နှာ တယောက် မမြင် မကြည့်ကြေး

အရာရာဟာ တစတစ
ဝေးကွာခြင်းကို ဦးတည်
ပျောက်ကွယ်ခြင်းနဲ့ အဆုံးသတ်
မရှိခြင်းသာ အရှိဖြစ်ခဲ့တယ်

14 comments:

ဖိုးစိန် said...

မရှိခြင်းဟာ အရှိဖြစ်ခဲ့တယ်။

ပစ္စုပန်မှာဆန်းပြားနေသလောက်

အနာဂတ်မှာ ရိုးသားနေလိမ့်မယ်။

နေ့တွေကို လတွေကို တိုက်စားပြီး

လတွေကို နှစ်တွေက ကျော်ဖြတ်သွားလိမ့်မယ်။

တကယ်တော့ ဘယ်သူ့ ဘယ်သူမှ သတိမထားမိတဲ့

ခရီးသွား အချင်းချင်းတွေ ဆိုတာကိုပေါ့...။

နှုတ်ဆက်ချိန်မရှိသလို နှုတ်ဆက်ဖို့လဲ မလိုအပ်တော့ပါဘူး။

ချစ်ခင်စွာဖြင့်

ကဖိုးစိန်

reenoemann said...

ကောက်ကြောင်းနောက်လိုက်ရင်း

ပျောက်ဆုံးနေတဲ့ အနာဂတ်အတွက်

လမ်းသစ်တစ်ခုကို အထင်မှတ်ပဲ

ရင်ဝယ်ပိုက်လိုက်နိုင်အောင်

ဘယ်သူ့ကိုမှ ဘာမှ မပြောပဲ

အရှိကို အရှိအတိုင်း လက်ခံလိုက်ရပါတယ်။

ဟဲဟဲ ဘာလဲ လို့ လုံးဝမမေးနဲ့..... အဟေးဟေး

နှင်းဆီပန်းချစ်တဲ့ ကောင်မလေး said...

မျဉ်းတစ်ကြောင်းသေသေသပ်သပ်ပိတ်လိုက်ရုံနဲ့ တကယ်ဘဲ ပြီးဆုံးသွားနိုင်သလာာားးး

အရာရာကို သွေးအေးစွာ ဆုံးဖြတ်နိုင်သူသာ လောကမှာ အောင်မြင်သူပါဘဲ။

ဇွန်မိုးစက် said...

တွေ့ဆုံကြုံကွဲ ဓမ္မတာပဲတဲ့ မိုးခါးရေ...

သံလွင် HeRo said...

အီမိုကြီးဖြစ်နေပြီလားး)

တောင်ပေါ်သား said...

ဝင်ခံစားသွားတယ်း) နောက်ဆုံးမှာ ပုဒ်မချ စာပိုဒ်ကို အဆုံးးသတ်လိုက်ရုံပါ သိပ်မခဲယဉ်းဘူး မျဉ်းလေး သေသေ သပ်သပ် ပိတ်တတ်ဖို့သာ

ပုဒ်မချ မျဉ်းပိတ်သေသပ်ဖို့ထက် စာပိုဒ်ကို ဇာတ်သိမ်းသတ်ဖို့က ပိုအရေးကြီးမယ် ထင်တာပါပဲး)

လေးစားလျက်
တောင်ပေါ်သား

kaungkinpyar said...

နှုတ်ဆက်ချိန်မှာ တယောက်မျက်နှာ တယောက် မမြင်မကြည့်ကြေးထက်..တယောက်မျက်နှာ တယောက် ကြည့်ပြီး အေးဆေးစွားလွမ်းခွဲနိုင်ရင် ပို ကောင်းမယ် ....

Welcome said...

အတွေးတွေ ပွားစေတဲ့ ကဗျာသန့်လေး ဖတ်သွားပါတယ် ..

ဆင်ဆင်ပြေ ပျော်ရွှင်ပါစေ

ဆောင်းနှင်းရွက် said...

ချစ် ချစ် ချစ် လာကြပြီးး
နောက်ဆုံးးးး
နှုတ်ဆက်တယ် ဆိုတာ
တကယ် စဉ်းစားကြည့်ရင်
လွယ်ဘူးနော် ...
သေချာ စားစဉ်းးးး ပါအုံးကွယ် ....

မြတ်မွန် said...

အဆုံးသတ်မှာ ခွဲခွါခြင်း တစ်ခုဘဲရှိနေတာ လောက သဘာဝပါပဲလေ။

ညရဲ့ကောင်းကင် said...

"Meeting is Parting" တဲ့...
ခွဲခွာဖို့အတွက် တွေ့ဆုံကြချင်းလေ ...

မြစ်ကျိုးအင်း said...

ထင်သလိုမှ မဖြစ်တတ်တာပဲလေ
ခွဲခွါခြင်းက သိပ်လွယ်ကူနေခဲ့ရင် ဘယ်သူမှ ခွဲခွါ ချိန်ကို ကြောက်မိမယ်မထင်ဘူး

ကြယ်ပြာ said...

ကဗျာလေးအရဆိုရင် ခွဲခွာချိန်မှာသွေးအေးနေတာ အကောင်းဆုံးပဲ ... စာသားလေးတွေသဘောကျတယ် ...

ကိုလူထွေး said...

မရှိခြင်းသာ အရှိဖြစ်ခဲ့တယ် ...တဲ့လား

မမြဲချင်းသာ မြဲ၏ ဆိုတဲ့ စကားလိုပေါ့...

တကယ်တော့ မျဉ်းကို သေသေသပ်သပ်ပိတ်ခွင့်ရဖို့ အတော်ကို ကြိုးစားရအုံးမယ်ဗျာ...

းဝ)