မိုးခါးတို့ မောင်နှမတွေ စုပေါင်းပြီး အလှူတခု ပြုလုပ်ဖြစ်ပါမယ် .. လာမယ့် သောကြာနေ့ (ခရစ္စမတ်နေ့)မှာပါ .. အလှူအတွက် အားလုံး ကြည်နူး ပျော်ရွှင်နေကြတယ် .. မိုးခါးတို့ ပြုလုပ်မယ့် အလှူကို အဆင်ပြေမယ်ဆို အထက်ပါ အစီအစဉ်အတိုင်း လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ် ..

မလွယ်ကူမယ့်
ဆုံတွေ့ခြင်းတွေနဲ့
တနေရာစီက လာဆုံတွေ့ကြတယ်

မမြဲခြင်းတွေနဲ့
ပြည့်နေတဲ့ လောက
လက်ရှိ ဆုံတွေ့ချိန်ကို
တန်ဖိုးထားကြမယ်

ကမ္ဘာနဲ့ချီပြီး မတွေးဘူး
နိုင်ငံနဲ့ ချီပြီးလည်း မတွေးသေးဘူး
လက်လှမ်းမှီသလောက်
ကောင်းရာပြုဖို့
ကြိုးစားကြမယ်

တနေ့နေ့
တယောက်တနေရာ
ဝေးသွားခဲ့ရင်တောင်
အမှတ်ရနေကြေးပေါ့ ..

ခရစ္စမတ်နေ့ ညဘက်မှာလည်း ကမ်းခြေသွားမယ့် အစီအစဉ်လဲ ရှိပါတယ် ..း)) အားလုံးပဲ မိုးခါးတို့ရဲ့ အပျော်တွေ ကူးစက်ပျော်ရွှင်နိုင်ဖို့ မျှော်လင့်ပါတယ် ..း))

17 comments:

ညရဲ့ကောင်းကင် said...

မိုးခါးရေ...

အလှူကို ကုသိုလ်ပြုခွင့်ရတဲ့ အတွက်ဝမ်းသာကြည်နူးမိပါတယ်...
ကိုယ်တိုင်ကိုယ်ကျမလာနိုင်တဲ့ အတွက် စိတ်မကောင်းဖြစ်မိပါတယ်...
ညဘက် ကမ်းခြေအစီအစဉ်ကိုတော့ အလုပ်ပြီးတာနဲ့ လာခဲ့ပါမယ်...

ဟုတ်ပါတယ်...
အဝေးကြီးမတွေးကြဘူး
လက်ရှိအချိန်လေးနဲ့
လုပ်နိုင်တဲ့စွမ်းအားလေးနဲ့
တတ်နိုင်သလောက် စုပေါင်း
ကုသိုလ်ပြုကြမယ်
ဝေးသွားရင်တောင်
အမှတ်ရနေကြေးပေါ့...

Craton said...

အလှူအတွက်သာဓုခေါ်ပါသည်။
ကမ်းခြေကိစ္စအတွက် မနာလိုပါ။

လင်းကြယ်ဖြူ said...

ပျော်စရာကြီးပေါ့ခင်ဗျာ....
ဝမ်းသာအားကျ နေမိပါတယ်နော
ပျော်ပါစေ
*.*.*

reenoemann said...

စိုးရိမ်နေသေးတယ်။

တစ်ခုခု လိုအပ်နေမှာကိုး။

ဏီ(န်)ကင်း said...

ဝေးသွားရင်တောင်
အမှတ်ရနေကြေးပေါ့...

ကဲကဲပြောနေကြာတယ်ကွယ်... ၅၀၀လောက်သာချေးလိုက်

မမေ့သွားစေရအောင်တာဝန်ယူပါ့မယ်...
ကျန်တဲ့သူတွေလဲစိတ်ဝင်စားရင်အဆင်ပြေမယ်နော်..
ဟိဟိ

ရင်တွေခုန်နေတယ်....

ဆောင်းနှင်းရွက် said...

မထင်မှတ်ပဲ
ရုတ်တရက်
တစ်နေရာစီက
ဒို့တွေ့ ဆုံတွေ့ကြတယ် နော် ....
သြော် ...
ရေစက် ...
ရေစက် ...

(မီးစက် မဟုတ်ဘူး)

မေသူ said...

အောင့်မယ်လေးးး မိုးခါးးးးရေ.... ဒီရုပ်ကြီးတွေကို မမေ့ကြေးပြောနေစရာကို မလိုတာာာ =)

ခွိခွိ... ခိခိ... ခစ်ခစ်...ခိုခို...

နင်ရေးထားတဲ့ ကဗျာလေးမိုက်တယ်ကွယ်...

မတွေ့ 
့မဆုံ
မသိ
ခဲ့ပေမဲ့...
တားမရ
နီးဖို့ 
ဒီအထုံ..

တောင်ပေါ်သား said...

ကဗျာက ဘူစပ်တာတုန်း အဟေး

Welcome said...

ကိုယ်တိုင်မရောက်နိုင်ပေမယ့်
ကုသိုလ် အစုစုအတွက် တင်ကြိုပြီး သာဓု ၃ ကြိမ်ခေါ်ပါတယ် ..

ပျော်ရွှင်တဲ့ ခရစ္စမတ်နေ့တွေ ပိုင်ဆိုင်ပါစေ

ကြယ်ပြာ said...

အရင်ဘ၀က ရေစက်ရှိခဲ့ကြလို့ တစ်ယောက်တစ်နေရာစီကနေ လာပြီး ပေါင်းဆုံကြတယ် .. ခုလဲ နောင်တချိန် သံသရာပြန်လည်ကြရင် တွေ့ဆုံကြဖို့ ကုသိုလ်စုပြုဖြစ်ကြဦးမယ် .... အလှုအတွက် သာဓု သုံးကြိမ်ခေါ်ပါတယ်ကွယ် ...

ကိုလူထွေး said...

မေသူပြောသလို ဟုတ်မှာပါ...

းဝ)

နွေဆူးလင်္ကာ said...

သာဓုခေါ်ပါတယ်။ ဒီထက်မက လှူနိုင်တန်းနိုင်ကြပါစေ ...

ညီညီ said...

ညဘက် ကမ်းခြေအစီစဉ် ကို ပါနိုင်အောင်ကြိုးစားပါမယ်ခင်ဗျာ.။ အလှူကတော့ သေချာပေါက် လာပါမယ်.။ ပျော်စရာကောင်းသော ခရစ်စမတ်မှာ အလှူ အတန်းလေးလုပ်ခွင့်ရတာ ဂုဏ်ယူပါတယ်ဗျို့။

ခင်မင်လျှက်

ညီညီ(အနာဂါတ်သံစဉ်)

ဇွန်မိုးစက် said...

မရောက်ဖူးသေးတဲ့ဒေသဖြစ်လို့ အရမ်းရောက်ချင်တယ်။
အပေါ်မှာ တို့ပြောသွားတာ ပန်းကန် လို့ပေါင်းရမှာကို ရီနိုက ပုဂံလို့ ပေါင်းထားလို့ လာပြင်ပေးတာ။ Merry X'mas ပါ ရီနို။ :)

flowerpoem said...

အလှူကိုမလာနိုင်ပေမယ့် အလှူမှာပြုမယ့် ကုသိုလ်တွေကို ဘလော့မောင်နှမတွေအားလုံးကို အမျှပေးပါနော် ကျေးဇူးတင်ပါတယ်..

JulyDream said...

လောကမှာ အများသူငါ ကောင်းဖို့အတွက် လုပ်တာ မှန်သမျှကို သာဓုခေါ်ပါတယ်။

reenoemann said...

အကြီးအကျယ်အော်သွားပါသည်။

အမည်မဖော်လို သူ ဦးသီဟသစ်

ဗီလိန်

ဖိုးသင်္ကြန်

ငချမ်းကောင်

တလနွန်
ရေတမာ

တောင်ပေါ်သား(မစ်စ် အက်စ်ဂျီ)
မျိုးထက်ဇော်

သံလွင်ဟီးရိုး

မိုးကုတ်သား

ရီနိုမာန်

ဆောင်းချမ်းမိုး

ဖိုးစိန်

(ဖဲဝိုင်းမှ ထအော်ကြသည်)

Happy new year playing card game!!!!!