Wednesday, November 18, 2009

ပြောရဦးမယ်

ပြောရဦးမယ် ..

ဟို ကျန်ခဲ့တဲ့ တပတ်က သူငယ်ချင်းတယောက် (သူငယ်ချင်းပဲ ဆိုပါတော့ .. ကိုယ်နဲ့ မခင်ပဲ ဒီကျမှ သူငယ်ချင်းနဲ့ အဖော်လိုက်ပြီး သူငယ်ချင်း ဖြစ်သွားတော့ သူငယ်ချင်းပေါ့နော် .. :P) ရန်ကုန်ကနေ အလည်လာလို့ ဆန်တိုဆာကို လိုက်ပို့ဖြစ်ပါတယ် .. ဆန်တိုဆာကို ရောက်တဲ့ အခေါက်တိုင်း တခါမှ ၀င်ကြည့်ဖို့ စိတ်မကူးခဲ့တဲ့ ရေအောက်ကမ္ဘာကို ၂၂ ကျပ် ပေးပြီး မိုက်မိုက်မဲမဲ ၀င်ကြည့်ဖြစ်ပါတယ် .. :P .. ဂယ်ပါ .. တခါပဲ .. နောက်ဘယ်တော့မှ မသွားတော့ဘူး .. ကံမကောင်းပုံက အဲဒီ လက်မှတ်ဝယ်ရင် လင်းပိုင်ပွဲကို ကြည့်လို့ရတာတောင် အချိန်ကို ငဲ့ကွက်သောအားဖြင့် မကြည့်ခဲ့ရတော့ ပိုလို့ကို မတန်တော့ပါဘူး .. (ပွဲချိန်လွန်သွားခြင်းကို ဆိုလိုပါတယ် ..း()

လှသလားဆိုတော့ မဆိုးပါဘူး .. (မဆိုးဘူးလား ဆိုတော့ နဲနဲတော့ ဆိုးပါတယ် .. အရမ်းလည်းကျဉ်းပြီး စိတ်ထဲ ထင်မိတာက ဘာမှ မထူးဆန်းသလိုပါပဲ .. ဘာမှလည်း မရှိသလိုပါပဲ ..) စိတ်လေပြီး ခေါင်းမူးပြီး ပြန်ထွက်လာပါတယ် .. ကိုယ့်စရိတ်နဲ့ကိုယ် ခေါင်းမူးသွားခံရတာပါ ..

အဲဒီသွားပြီး ပေါ်လာတဲ့ စိတ်ကတော့ ဒီ ပြတိုက်ထဲမှာ ရှိနေတဲ့ သတ္တ၀ါတွေအနေနဲ့ကတော့ သူတို့ သက်တမ်းစေ့ နေသွားနိုင်မလားပဲ .. ဒီလိုဆို ပြင်ပက ချက်စားခံရမယ့် သတ္တ၀ါတွေထက် ကံကောင်းတယ် ဆိုရမလား ..

သူတို့ကိုယ်တိုင်ရော ဒီလိုကျဉ်းကျဉ်းကျပ်ကျပ် ချုပ်နှောင်ခံထားရတာလည်း ကံကောင်းမှုတော့ မဖြစ်နိုင်ပြန်ဘူး .. ဒါကလည်း ၀ဋ်ကြွေး တမျိုး ..

ဟိုတနေ့ကလည်း အဲဒီသူငယ်ချင်းတွေနဲ့ပဲ ပင်လယ်စာ သွားစားဖြစ်တယ် .. ဘူဂစ်မှာပေါ့ .. အဲဒီ လမ်းထဲ ၀င်ဝင်သွားချင်း စိတ်ထဲ ဖြစ်လာတာက အဲဒီမှာ လူတွေကတော့ ပျော်ပါးပြီး စားနေတယ် .. အစားခံရမယ့် သတ္တ၀ါတွေအတွက် ဒီနေရာက ငရဲခန်းပဲ ဖြစ်လိမ့်မယ်လို့ .. အဲဒီနေ့က ပုဇွန်တောင် စားမလာဖြစ်ဘူး .. ဂဏာန်းလည်း အစတည်းက မကြိုက်တတ်ပါဘူး .. စားဖြစ်တာက ရယ်ဒီမိတ် ကြက်သားချောင်း ငါးလုံး အဲဒါတွေပဲ စားဖြစ်တယ် .. သူငယ်ချင်းကတော့ပြောတယ် .. နင်စားပုံနဲ့ မတန်ဘူးတဲ့ .. (ပင်လယ်စာ စားမယ်ဆိုတိုင်း ရတဲ့ ဆိုက်ကိုပါပဲ :D)

ပြောရဦးမယ် ..

မိုးခါး ကျန်ခဲ့တဲ့ တစ်ပတ် တနင်္လာကစပြီး အလုပ်သစ် ၀င်ပါတယ် .. အလုပ်သစ်ဆိုတော့ ထုံးစံအတိုင်း အပိုးကျိုးကျိုးလေးပေါ့ .. :D ကံတရား ကိုယ့်ဘက်မပါပုံများ နောက်မှာ ဒါရိုက်ဘော့စ်က ထိုင်သလို ကင်မရာကလည်း နောက်တည့်တည့်မှာပါ .. ဒီလိုနဲ့ သိပ်မလစ်တော့ လုပ်နေကျ ဘလော့ဂင်းအလုပ်ကို ခေတ္တ ခဏ အရှိန် သတ်ထားရပါတယ် .. (ခိုးပြီး ရေးရတာ ဖီလင်မလာဘူးလေ .. ရေးတဲ့ စာထဲ မျောသွားတဲ့အချိန် သူဌေးမြင်သွား ဒုက္ခ :P) အဲဒါနဲ့ ဒီလိုနဲ့ လစ်ရင်လစ်သလို စာဖတ်လိုက် .. မန့်လိုက် .. ချက်ထဲ အတင်းချလိုက် .. ဒီထက်ပိုလစ်ရင် အပင်လေး ၀င်စိုက်လိုက် .. စားသောက်ဆိုင်ကလည်း ပစ်ထားလို့ မရတော့ ၀င်ထိန်းသိမ်းလိုက်နဲ့ .. ဒီလောက်လေးပဲ လုပ်နိုင်ပါတယ် .. :P (ပြောချင်တာက ဒါကြောင့် စာမရေးဖြစ်သေးတာပါလို့ .. :D)

ပြီးတော့ အလုပ်နဲ့ အိမ်နဲ့ တအားဝေးလို့ အိမ်လည်းပြောင်းရပါတယ် .. (အိမ်တက် မလုပ်ဘူးလို့ ပြောချင်တာပါ .. :P) (နောက်တာ မဟုတ်ပါဘူး .. တကယ်ကို မလုပ်တာ :P) မဟုတ်ရင် မေသူတို့ ဖူလတန် ဆိုပြီး လာအော်မှာဆိုးလို့ :P အခုတော့ ဒီဂလောက်ပါပဲ ..း))

33 comments:

Anonymous said...

အဟားး ပိတ်ထားတာများ ကြည့်စမ်း... ပါးစပ်တောင် မဟလိုက်နိုင်ဘူး.... :(

ဖူလတန်မှာ မဟုတ်လဲ တဆင့်လျော့ပေးပါ့မယ်။ အဲလောက်လဲ မတားနဲ့ လေကွယ်... တလနွန်တို့ ကိုစည်သူတို့ လဲ ပြောကြဦး :)

ဖြစ်ပုံ... ဒေါ်မေသူလဲ လုံးဝမလွတ်ပါ... အခုတလော... :(

Anonymous said...

အပေါ်က တယောက်က စောင်ခြုံထားတဲ့ မေသူဆိုတာပဲနော် :P

မြစ်ကျိုးအင်း said...

နှစ်ပါတ်အတွင်း သတင်းအစီအစဉ် ဤတွင် ကြေငြာ၍ ပြီးပါပြီ :)

flowerpoem said...

အလုပ်သစ်မှာ အဆင်ပြေပါစေ ခါး၂ရေ

ဗညားရှိန် said...

အဆင်ပြေရင်ပြီးတာပဲဟ နင်သတင်းမကြားလို့ ငါ . . . ထင်နေတာ ဟိဟိ နောက်တာ . . .

ဂျပန်ကောင်လေး said...

:)... အဆင်ပြေပါစေဗျာ...

ညရဲ့ကောင်းကင် said...

အလုပ်သစ် အိမ်သစ်နဲ့
အဆင်ပြေပါစေဗျာ...

Anonymous said...

ဘောစ်နဲ့ ညှိုထားလိုက်.. ကင်မရာများ ပီကေ ကပ်ထားလိုက်အေးရော.. ပီကေ မရှိရင် လာယူပေးမယ်...

မောင်ငယ်
အဆိပ်ခွက်

kiki said...

ပြောရအုံးမယ် သိလား ..
ဘာလို့ လာဖတ်မိမှန်းကို မသိဘူး ..သိလား ...

ပြောရအုံးမယ် သိလား...
သူ့ ကို ကိုယ်က မစားရင်
ကိုယ့်ကို သူက စားသွားလိမ့်မယ် သိလား

ဖိုးစိန် said...

အကိုလာရင်ရော...


ပိုက်ဆံစုထားတယ်လား...

အိမ်တက်မလုပ်နဲ့ လေ... နော်.. ပိုက်ဆံကုန်နေမယ်..

အကိုလာရင်သုံးဖို့ လေ...

ပြီးတော့

သူထေးအနားမလာနိုင်တဲ့နည်းပေးထားတယ်လေ..

သုံးပါ... လက်နက်ဗုံးတွေ ထုတ်သုံး...


ချစ်ခင်စွာဖြင့်

ဖိုးစိန်

စိုင်းစိုင်းလားရှိုး said...

အော်... အင်း.... လတ်စသတ်တော့. .. ဂလိုကိုး.... အင်း... အင်းပေါ့.... ဒီလိုပဲပေါ့....

နှင်းနဲ့မာယာ said...

မိုးခါးရေ
ဂလိုလား....
ရပါတယ်
ခွင့်လွတ်တယ်နော်...
အိမ်သစ် အလုပ်သစ်မှာ အဆင်ပြေပါစေ...


နှင်း

ရာတမေ said...

ပြောရဦးမယ်သိလား နာမ်မည်လေး သုံးခွင့်ပေးနော် နောက်မှ ပြောပြမယ်နော် သိလား အလုပ်သစ် အိမ်သစ် လူသစ် စိတ်သစ်နဲ့ ဆိုက်ကိုသစ်လေးတွေ အဆင်ပြေပါစေ.. ပြောရဦးမယ် တော်ပါပြီ မပြောတော့ပါဘူး ဒါပေမယ့် ပြောရဦးမယ် သိလား ဟိ

စည်သူ said...

လက်တို့ပြီးတော့ ပြေားမလို့ပါပဲ..
ဘာမှမကျွေးဘူးဆိုလို့ ဘာမှမပြောတော့ဘူး..P

ကောင်းကင်ပြာ said...

ပြောရဦးမယ် သိလား တို့ ရွာထဲကို အမျိုးတယောက် ပြောင်းလာတယ် ကြားတယ်၊ ပြောရဦးမယ် သူက ဟင်းချက်ကျွေးမယ်တဲ့ သိလား၊ သူ ယောက်ခမ နဲ့ သူ့မမ ကိုတဲ့...

မိုးစက်အိမ် said...

အော်ဒါကြောင့် အခါးပျောက်နေတာကိုး သိပါဘူး
အခါးတို့ က တိုက်ပွဲခေါ်သံတွေကလည်း ကြမ်းပြနော်
လွတ်လွတ်လပ်လပ် အချိန်မှ စာရေးပါ ဒါမမဟုတ်လည်း
အိမ်ကရေးလာ ရုံးကျတင်လိုက်ပေါ့ ဟဲဟဲ :D

ကိုလူထွေး said...

ကင်မရာ ကနောက်မှဆိုလို့ လန့်ပြီး ပြန်သွားတယ်...

စားသတိ သွားသတိ အလုပ်လုပ်လဲ သတိနဲ့ပါလား...

း(

Anonymous said...

For various years Obtain Cialis Discount Pharmaceutics has been recognizable among outstanding online pharmaceutics suppliers and customers all over Cheap Discount Viagra Pharmacy On-line the world.

Phyo Maw said...

မင်းသမီးဖြစ်ပြီ ခက်တာက နောက်ကျောချည်း
ကင်မရာထဲပါနေရင် သိပ်မဟန်ဘူး
ခဏခဏ နောက်လှည့်ပြီး ရီပြ =D

Mogok Thar said...

အခါးရည်
လက်တို့ပြီးတော့ ပြောပြပါဦး။
ဒီလောက် ခက်ခဲတဲ့ အခြေအနေတွေ ကျော်ဖြတ်ပီး ရုံးမှာ ဘလော့ဂင်း နဲ့ ဖေ့ဘွတ်ကင်းနိုင်တာလဲ ဆိုတာ။

အဲဒီ ပင်လယ်ပြတိုက်က ကျဉ်းလွန်းပေမဲ့ အကိုကတော့ မြင်ဖူးချင်တဲ့ ငါးမန်းတွေ အနီးကပ် မြင်ခဲ့ရလို့ ကျေနပ်တယ်။ သူတို့အတွက်တော့ ရေပြွန်သာသာ အခန်းလေးထဲ လူးလွန့် ကူးခတ်နေရတာ ကြည့်ရ သနားစရာ။

ကိုယ်တို့တွေလဲ ဘယ်လောက်ကျယ်ပြောတဲ့ လောကပြင်ကြီးထဲ လူးလွန့် လှုပ်ရှားနေပါစေ၊ ဘ၀တွေက သိပ်ကျဉ်းနေကြလေပြီလား... အင်း.. အသက်ရှူတော့ သိပ်မကျပ်သေးပါဘူး။

အော် .. အခါးရည်
စကားမစပ် ပြောရအုံးမယ်။
မျောက်ငို ကို ဂဏန်း လိုက်ကျွေးအုံးမယ်ဆို။ ;-P

Waing said...

ပြောတာတွေ အားလုံး နားထောင်သွားတယ် သိလား
ရေအောက်ကမ္ဘာကတော့ လှတော့ လှပါရဲ့ အရမ်းကျဉ်းတဲ့အတွက် ငါးတွေကိုတော့ သနားမိတယ်
လင်းပိုင်ပြပွဲဆိုတာလည်း ခဏလေးပါ ဘာမှ မထူးဆန်းဘူး
အခု အလုပ်သစ်ရော အိမ်သစ်မှာရောဆိုတော့ အစစအရာရာ အဆင်ပြေပါစေ

ဏီ(န်)ကင်း said...

အော်...ကင်မရာရှောင်....ဘော့စ်ရှောင်နဲ့....
ပြောသွားလိုက်တာများ....
ဒီကအားနေသူတောင်...ပါးစပ်အဟောင်းသားနဲ့ဖတ်ရတယ်...

ဟ ဟ

chocothazin said...

ဟေ့ ဘယ်ပြောင်းတာလဲ သယ်ရင်းရေ
တို့ နဲ့ ဝေးသွားပလား။

မငုံ said...

အလုပ်အသစ်မှာ အဆင်ပြေ ပျော်ရွှင်ပါစေနော့။

ZT said...

Underwater World ရောက်ရင် Seafood စားရင် တစ်ခါမှ အဲလို မစဉ်းစားဖူးဘူး။ အခုမှပဲ စဉ်းစားမိသွားတယ်။ ဟိုတစ်နေ့က PETA ဝက်ဘ်ဆိုက်ဒ်မှာ ဗွီဒီယို ကြည့်ဖြစ်တာ သွားသတိရတယ်။

မောင်မောင် said...

အင်း ဘန်ကောက် က ဆယမ်ပါရဂွန်မှာ ဆိုလဲ နိုင်ငံခြားသား ဟုတ်လို့ လေ အတော်ရိတ်တယ်။
ဘတ် ၈၀၀ လား ၁၂၀၀ လားမသိဘူး။
ရေအောက် ကမ္ဘာပေါ့။ မတန်လိုက်တာနော်။
ခု မိုးခါးနဲ့ ခပ်ဆင်ဆင်ပဲ။ ပြောရဦးမယ်ဆိုလို့ 
အကို တို့  အလုပ်သစ်ကတော့ မိုက်တယ်။ သိလားဗျ။
ဘောစ့် ကတစ်နေရာဆိုတော့ ကိုယ်တွေ က အလုပ်ချိန်တော့ ချတ်လို့ရတယ်။ ဘလော့ ကတော့ မဂင်းဘူး။ ကိုယ့် အလုပ် ကိုယ်လေးစားတယ်သဘောပေါ့နော်။
ဒီက စည်းကမ်းကတော့ facebook ကိုဝင်မကြည့်ရ။ warning ပေးတယ်တဲ့။
မိုးခါးတစ်ယောက် အားလုံးအဆင်ပြေပါစေနော်။



ကိုမောင်မောင်

Dream said...

အလုပ်သစ်မှာ အားလုံး အဆင်ပြေပါစေ..း)

အာဝါးးးးးးးးးးးးးးးးးးးးးးးးးးးး

reenoemann said...

ငါ့နှမ

အသစ် အသစ်တွေနဲ့ အဆင်ပြေပါစေဗျာ။


ကိုရီနို

နန်းဝါ၀ါမောင် said...

အလုပ်သစ်မှာ အဆင်ပြေပါစေ ညီမလေးရေ.း)

မမ၀ါ

ဆောင်းချမ်းမိုး said...

ဟေး..အိမ်တက်စားရတော့မယ်ကွ

သီဟသစ် said...

တို့တော့
underwater world နဲ့ seafood ကို တစ်နေရာစီ ခွဲပြီး ဦးနှောက်ထဲမှာ မှတ်ထားတယ်
:)

ဟုတ်တယ် ဂဏာန်းလည်းမကြိုက်ဘူး အရှင်ဆိုရင်..
ကိုယ့်ဘာသာကိုယ်တော့မရွေးရက်ပါဘူး ချက်တဲ့သူရွေးခိုင်းလိုက်တာပဲ

ပုဇွန်ကတော့ အချစ်ဆုံးပဲ..
:D :P

ကိုချစ်ဖေ said...

ပြောရဦးမယ်
အဲ့လိုအလုပ်ရှုပ်နေတာတွေရေးသွားတာလဲ ဖတ်လို့ကောင်းတာပါ့..
ပြောရဦးမယ်.
မိုးခါးနဲ့ ထာဝရကြယ်စင် အတူတူမှန်းခုမှပဲသိတော့တယ်.

Ma Thandar said...

Sis, your writing is lovely. Keep it up. Wish you all the best. Have a great weekend! :)