Wednesday, October 21, 2009

ခံစားမဲ့

အရာရာ
မြင်သမျှက
အကြည်ရောင်
ခံစားချက်ကလည်း
ခပ်ရှင်းရှင်း
စိတ်ထဲမှာ
ဟာလာ ဟင်းလင်း

ပိုင်ဆိုင်ချင်တဲ့ အရာလည်း မရှိ
ဆုံးရှုံးစရာလည်း မရှိ
ကိုယ်မပိုင်တာတွေ အတွက်
ဆုံးရှုံးမှာလည်း မကြောက်တတ်တော့ဘူး

ပုံသေ ကားချပ်
တွက် မရခဲ့တော့
ပုံသေနည်းတွေလည်း
ကျက် မှတ် မနေချင်တော့ဘူး

ဒီအတိုင်းလေးပဲ
ငါ့စိတ်
မပြောင်းမလဲ ရှိချင်တယ်
ငါ မပူလောင်တတ်ချင်တော့ဘူး

ပိုင်ဆိုင်ချင်စိတ်နောက်လိုက်ရင်းလည်း
ပူလောင်ပြီးပြီ
ပိုင်ဆိုင်ပြီးနောက်
မဆုံးရှုံးအောင် ကြိုးစားရင်းလည်း
ပူလောင်ပြီးပြီ
ဒီလောက်ဆို
လုံလောက်ခဲ့ပြီ
ငါ့စိတ်လေး
ငြိမ်နေချင်ပြီ

P.S အပေါ်က စာကို ဖတ်ပြီး မိုးခါးတယောက် သမာဓိတွေ ကောင်းနေပြီတော့ မထင်ပါနဲ့ .. ခုတလော စိတ်တွေက ရှုပ်လာလိုက် ဒေါသတွေထွက်လိုက်နဲ့ အရူးထနေလို့ :D စိတ်တိုင်း မကျတဲ့ အရာတွေက များနေတယ် .. ကိုယ့်ဒုက္ခကိုယ်ရှာနေတာပါ .. တကယ်တော့လည်း ဒါ ဘာမှမဟုတ်ဘူးလို့ တွေးလိုက်ရင်လည်း ပြီးသွားတာပါပဲ .. အဲလိုဖြစ်အောင်ပဲ ကြိုးစားနေတော့မယ် ..း))

24 comments:

reenoemann said...

ဪ ငါ့ညီမရယ် မထင်ပါဘူး။

စိတ်ထဲ အဆင်ပြေသလိုသာနေ ဟုတ်ပြီလား။

ဘာမှ စိတ်ညစ်မနေဲ့ အကိုလိုမျိုးပျော်ပျော်နေ။

အကိုတော် ရီနို

chocothazin said...

ခံစားနေရတာကိုက လူ့ဘဝပဲလားမသိပါဘူး။ ဒါနဲ့ မမိုးခါးရေ ရေးထားတာက တစ်ထပ်ထည်းကျအောင် တိုက်ဆိုင်နေပြန်ပါပြီ။

ညရဲ့ကောင်းကင် said...

သြော်.. ဒီလိုပဲပေါ့....
ဘာမှမရှိတော့ ဘာမှမပူရဘူးပေါ့...
အကုန်ရှိတော့လည်း အကုန်ပူရတာပေါ့...
ဟုတ်မလားမသိဘူး...
မန့်ချင်တာမန့်ခဲ့တာ... :P

U Yin Mu said...

it is good things what you think it , you have to do for something ,if u have... so there is no one/thing u can do everything , no more worry for it...U can stand , it is called u made it/U do it... Try hard!My sis!

ကိုလူထွေး said...

ကဗျာထင်တယ်...

းဝ)

အဖြူရောင်နတ်သမီး said...

မမိုး....
တခုခုတော့ တခုခုပဲနော်..
စိတ်ဂနာမငြိမ်ရတဲ့အကြောင်းရင်းလေး....
တိုးတိုးလေးပြောပြ...
နော်..နော်လို့..
ဘယ်သူ့ကိုမှပြန်ပြောပါဘူး..
On line မှာပဲ..တင်မှာပါ..ဟိ

အဖြူရောင်နတ်သမီး said...

မမိုး....
တခုခုတော့ တခုခုပဲနော်..
စိတ်ဂနာမငြိမ်ရတဲ့အကြောင်းရင်းလေး....
တိုးတိုးလေးပြောပြ...
နော်..နော်လို့..
ဘယ်သူ့ကိုမှပြန်ပြောပါဘူး..
On line မှာပဲ..တင်မှာပါ..ဟိ

Angel Shaper said...

မခါးခါး စိတ်ကလေး တည်ငြိမ်ပါစေဗျာ။
အဆင်ပြေပျော်ရွှင်ပါစေ။

နှင်းဆီပန်းချစ်တဲ့ကောင်မလေး said...

ချစ်တရေး ဘာတွေဖြစ်နေလဲ
ခုတလောတင်တာတွေက ပေါက်ကွဲသံစဉ်တွေပါနေသလိုဘဲ
ကိုယ်အထက်ဘဲမော့မကြည့်နဲ့
ကိုယ်အောက်မှာ ကိုယ်ထက်နိမ့်ကျတဲ့
ကိုယ်လောက်မှ အဆင်မပြေတဲ့ လူတွေ
အများကြီးရှိနေသေးတာ မမေ့နဲ့နော်။
ဘာဖြစ်ဖြစ် စိတ်မညစ်နဲ့
စိတ်လေးတည်ငြိမ်အေးချမ်းအောင်
တရားမှတ်လေ။
(ဆရာလာလုပ်တယ်မထင်ပါနဲ့နော်)
ချစ်လို့စိတ်ပူလို့
စိတ်သိပ်ရှုပ်လာရင်
ငါအိမ်လာနေ(အတည်ပြောတာနော်)

မေသူ said...

မိုးခါးးးးးရေ .... မေသူလဲ တူတူပဲ....

ခုတလော အရမ်းစိတ်ရှုပ်နေတယ်ပြောပါတယ်....

ဘာတွေရှုပ်နေမှန်းကိုမသိဘူးးးး

စာမေးပွဲနီးလာပြီဆိုတဲ့ Stress တွေလဲ ပိနေတယ်...... :(

စိတ်တွေ နုံးချည့်နေပြီ..... အဟင့် :(

ဂျပန်ကောင်လေး said...

အင်း.. ဒီလိုမျိုး အမြဲတမ်းဖြစ်နေရင် ကောင်းမယ်နော်.. ခက်တာက ပျော်စရာတွေ့တော့ ဒါတွေက မေ့သွားပြန်ရော.. စိတ်ရှုပ်လာတော့မှ ပြန်တွေးမိလာပြန်ရေ.. ဟီး

ဗညားရှိန် said...

အင် သွားပြီး မိုးခါးတော့ ကတုံးတုံးတော့မယ်ထင်တယ် ဒါတောင် စလုံးမှနေလို့ မြန်မာပြည်ပြန်ရောက်လို့ တရားစခန်းဝင်ရင် တရာထူးရနိင်တယ် . . . . ကိုယ့်ကိုယ်ကို တရားနဲ့ ဆင်ခြင်တာတွေ များနေပြီးဟ ချစ်ပြီးမှတော့ ပူတာ အဆန်းလား သူငယ်ချင်းရာ ပူလဲ ဆက်ချစ်ပေါ့ မဟုတ်ဘူးလား . . . . .

နွေးနွေးသဲမွန် said...

မမ ပျော်ပျော်နေပါ...အရာရာကို ဖြစ်တတ်ပါတယ်ပဲပေါ့နော်

ချစ်သောညလေး

နွေးနွေး

တလနွန် said...

စိတ်ကို ပျော်ပျော်သာထားပါ။
အဆင်ပြေပါစေဟ။

ခင်လျက်
တလနွန်

ဖိုးစိန် said...

ချိတ်ဆွဲမိတဲ့ ပန်းချီကား
စိတ်တွေနဲ့ရေးချစ်ထားတယ်
ပင်လယ်.. လေသေ...
ကောင်းကင်သေ...
အရာရာ ဆွဲခြစ်နေသမျှ
အကြည်ရောင်...
စိတ်ထဲမှာ ခပ်ရှင်းရှင်း ဟာလာဟင်းလင်းနဲ့
စိတ်သေနေတဲ့ ပုံသေ ကားချပ်.

ဘာဖြစ်ဖြစ်
အသေများစွားနဲ့
စိတ်နောက်ကိုလိုက်
စိတ်တိုင်းကျ ရေးခြယ်ခဲ့တယ်...

ပိုင်ဆိုင်ဖို့အတွက်
အပြီးသတ်အောင် ကြိုးစားရင်း
အခုဆို ရာသီကအေး ၊ မိုးကအေးနဲ့
ဆွဲတွေးတတ်တဲ့ ၊ ငါ့ရဲ့စိတ်ကြောင့်
အတိတ်ဟာ ဆန်းပြားပြီး
ပစ္စပ္ပန်က ရိုးသားနေပြန်တယ်။


ချစ်ခင်စွာဖြင့်

ဖိုးစိန်

အကိုကို အမြဲဆုံးမနေတဲ့ ချိုတူးခါး ပူတူတူးလေးက ဒေါသတွေထ်ွကနေတယ်လား... အရူးထနေတယ်လာ... အင်း အကိုနားနေများလို့နေမှာပေါ့... စိတ်တိုင်းမကျရင် စိတ်ရှိတိုင်းလုပ်ပါ နှမငေး ချိုတူးခါးရေး......



ချစ်ခင်စွာဖြင့်

အီကိုကြီး

TnT said...

မိုးခါးရေ ကောင်းတယ်း)
ခံစားနေရတာ လူ့ဘဝမဟုတ်ပါဘူး သဇင်ရေ၊ သူ့ဘာသူရှိတဲ့ ဘဝကို ကိုယ်လိုရာ သွားခံစားတာ လူတွေပါ။ ဘဝကြီးက ဘာမှ မသိရှာပါဘူး။ သူ့ကို ကောင်းတာပဲလုပ်လုပ် ဖျက်ဆီးလိုဖျက်ဆီး လုပ်နေပေမယ့် သူ့ဘာသာ အကျိုးပြုနိုင်သလောက် ပြုနေတယ်၊ အေးချမ်းလိုက်မယ့် ဖြစ်ခြင်း။

TnT said...

မေတ်တာများရင် ဒေါသဆိုတာ လျော့သွားပါတယ်။ အရမ်းကြီးတော့လည်း မချစ်နဲ့ပေါ့။း)

တောင်ပေါ်သား said...

ပူလောင်မူတွေကြားမှ အမြန်ဆုံး လွတ်မြောက်ပါစေဗျာ...


လေးစားလျက်
တောင်ပေါ်သား

ဝက်ဝံလေး said...

အလိုလေး ဘာဒေ ဖြစ်နေတုံး ကိုမိုးခါးရယ် ဟက်
ခြေထောက်နာနေလို့ ရောက်ရောက်နောက်ကျ ခွင့်လွှတ်(အဟဲ ဆင်ခြေလေ)

ဘိုင် တာ့တာ
စိတ်မညစ်နဲ့ အာဂျား အာဂျား ဖိုက်တင်း (ကိုရီးယားကားထဲက အဲလိုပြောတယ်နော် သိလား) ဘာမှန်းမသိ ရမ်းသမ်း အားပေးသွားတယ် သိရား ခိခိ

မောင်ကောင်း said...

This too will pass... ပါပဲအစ်မရေ...း)
အလည်ရောက်ရင်း ကဗျာလေးဖတ်သွားပါတယ်။ စိတ်ညစ်စရာဆိုတာ ရှာလို့ မှမရတာ.. ဟုတ်တယ်မှတ်လားအစ်မရာ... အစ်မတစ်ယောက် စိတ်ညစ်စရာတွေ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေဗျာ...။

မြရေလျဉ် said...

မိုးခါးတို့ တည်ငြိမ်သွားပါတယ် ထင်နေတာ...

တရားတွေနာလို့ထင်တယ် ပေါ့..


အောက်ဆုံးကစာဖတ်မှသိတယ်


အဲဒါမပါပဲရုပ်တည်လေးနဲ့နေတာမဟုတ်ဘူး:)

ငချမ်းကောင် said...

ပူလောင်မှာပေါ့။ အပူရှာတာကိုး။ ခု မှတ်သွားပြီမို့လား။ စိတ်ကလေးငြိမ်ချင်ရင် စိတ်ထွက်ပေါက်ကို သွားပိတ်ထားလိုက်လေ။ ဂျီးတော်လေးတော့ မသိစေနဲ့(သူ့မှာ ဇာတ်ခေါင်းကွဲလို့ စိတ်ညစ်နေရရှာတာ)။:) ကဗျာဖတ်ရင်း လူတောင် အိုက်စက်စက်ဖြစ်လာအောင် ကဗျာလေးက အသက်ဝင်လွန်းတယ်။ ကောင်းချက်ဗျာ။ ။

မငုံ said...

အချိန်မတန်သေးလို့ ပိုင်ဆိုင်ခွင့်မရသေးတာပါ မိုးခါးရေ။

ကိုပေါက်စ said...

မိုးခါးရေ....
ကဗျာလေးကိုသဘောကျတယ်..။
ဒီလိုပါပဲ...တခါတလေ ဘာမှန်းမသိတာတွေဖြစ်တတ်ပါတယ်..၊